Local News

နတ်တလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသော ဩဂုတ်လမတ်ပဲဈေးနှုန်း

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ယခုလရောင်းဝယ်နေသော မတ်ပဲဈေးများမှာ ဇူလိုင်လအတွင်း ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် အနည်းငယ်မြင့်တက်လျက် အရောင်းအဝယ်ဖြစ်နေသည်ဟုတွေ့ရှိရပါသည်။ ပြီးခဲ့သောဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းဝယ်ခဲ့သော မတ်ပဲပိဿာ (၂၀) ဝင်တစ်တင်းဈေးနှုန်းမှာ (၁၀၈၅၀၀)ကျပ်မှ (၁၀၉၈၀၀)ကျပ်အထိအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဩဂုတ်လ တတိယပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းမှာ မြင့်တက်လာခဲ့ပြီး ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၁၁၀၅၀၀)ကျပ်မှ (၁၁၂၀၀၀)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပါသည်။

ယခုဩဂုတ်လ တတိယပတ်တွင် မတ်ပဲဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိပြီး (၁၁၅၅၀၀)ကျပ်မှ (၁၂၄၀၀၀)ကျပ်အထိဈေးအတက်ဖြင့် ရောင်းဝယ်လျက်ရှိသော်လည်း တောင်သူအများစုမှာ ရောင်းစရာလက်ကျန်နည်း၍ လှောင်လက်များသာ အရောင်းအဝယ်ဖြစ်နေသည်သည်ကိုတွေ့ရပါသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀)ခန့်ဖြင့် ရက်ခြား၍ (၁)စီး၊ (၂)စီးခန့်တင်ပို့ရကြောင်း စုံစမ်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News