Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၄-၁၀-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၃၆) တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၅)တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ရော်ဘာစေး (၁၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာ သန်း၊ ကော်ဖီစေ့(၁၇)တန်၊တန်ဖိုး(၀.၀၄၃)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၃၃.၆) တန်၊ တန်ဖိုး (၀.၀၂) ဒေါ်လာသန်း၊ Maganese Dioxide (၁၄၉၈) တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်းအပါ အဝင်ပို့ကုန်တန်ဖိုး (၀.၃၁၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ် တင်ပို့မှုတွင်ပါဝင်ခဲ့ သောရော်ဘာစေး (၁၀) တန်မှာ ကျိုင်းလပ်ကုန်သွယ်ရေးစခန်း ပို့ကုန်လိုင်စင်ဖြင့် တာချီလိတ် ကုန်သွယ်ရေးစခန်းတွင်ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းဆောင်ရွက်၍ တင်ပို့ခြင်းဖြစ်ပါသည်။  တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၉၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၁၃၅) ဒေါ်လာသန်း၊ ဒီဇယ် (၀.၂၇၀) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၁၁) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၇၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၀) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၃) ဒေါ်လာသန်း၊ သုတ်ဆေး/ ပေါလစ်များ(၀.၀၀၃)ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၁)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၇) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၀.၆၃၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News