Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂၀) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၆၇၆) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၀၈၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၇၆၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့်ပို့ကုန်(၃၆၄) စီး၊ သွင်းကုန် (၇၈၂) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခင်အပတ်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့မှ (၁၃) ရက်နေ့အတွင်းလုပ်ငန်း ဆောင်ရွက်မှုမှာပို့ကုန်(၃.၀၆၁) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၀.၆၉၀) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၃.၇၅၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၆၁၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး (၂.၃၉၄) ဒေါ်လာ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၄.၀၀၉) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲဆံ(အခွံပါ)၊ စွန်တာနီပဲ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ နှမ်းနက်၊ ချင်းခြောက်၊ ရော်ဘာကြမ်း၊ ရော်ဘာနှင့် ဝဥခြောက် တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်  ယခင်တစ်ပတ် ထက်(၁.၆၁၅) ဒေါ်လာသန်းပိုမိုခဲ့ ခြင်းဖြစ်ပါသည်။

တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ စက်နှင့် စက်ပစ္စည်းများ၊ သတ္တုကုန်ချောဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့် အခြားယာဉ်များ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင် ကယ်အပိုပစ္စည်းများနှင့် အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်း တယ်လီဖုန်းနှင့်ဆက် သွယ်ရေးပစ္စည်းကိရိယာများ၊ လေအေးပေးစက်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့်တပ်ဆင် ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့သဖြင့် ယခင် တစ်ပတ်အောက် (၀.၁၃၅) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတုဗေဒပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း ဓာတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ တာယာနှင့်ကျွတ်များ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့ သဖြင့် ယခင်တစ်ပတ်ထက် (၁.၀၂၉) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

လူသုံးကုန်ပစ္စည်းအုပ်စုတွင်  ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ၊  ချုပ်ပြီးအဝတ်အထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း ဘထ္ထရီခြောက်၊ လျှပ်စစ် မီးသီးနှင့်မီးချောင်းများ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးများ၊  အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၁.၅၀၀) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ရော်ဘာ  (၁၂၇၈.၅၀၀)တန်၊ (၁.၅၅၁) ဒေါ်လာသန်း၊  နှမ်းနက်  (၄၆၃.၃၃၁)တန်၊ (၀.၇၁၈)ဒေါ်လာသန်း၊ ပဲယင်း  (၇၁၀.၀၀၀)တန်၊ (၀.၅၄၃) ဒေါ်လာသန်း၊ ဝဥခြောက် (၂၀၂.၃၅၀)တန်၊ (၀.၃၅၁)ဒေါ်လာသန်း၊ ဆန် (၇၀၇.၂၅၀) တန်၊ (၀.၃၅၀)ဒေါ်လာသန်း၊ ပြောင်း (၁၂၃၈.၀၀၀)တန်၊ (၀.၃၃၁)ဒေါ်လာသန်း၊ ဆန်ကွဲ (၇၄၆.၇၅) တန်၊ (၀.၃၂၂)ဒေါ်လာသန်း၊ ထောပတ်ပဲ (၁၃၆.၀၀၀)တန်၊ (၀.၁၇၆)ဒေါ်လာသန်း၊ CMP (၂၇၉၁၃) ခု၊ (၀.၀၉၄)ဒေါ်လာသန်းနှင့် မြေပဲဆံ (၅၁.၀၀၀) တန်၊ (၀.၀၇၉)ဒေါ်လာသန်း ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ ချည်ထည်များ (၃.၆၈၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း(၃.၂၁၀)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ် များ (၁.၃၃၁) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၁၅၆)ဒေါ်လာသန်း၊ လူသုံးအခြား ပစ္စည်း (၀.၉၆၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၄၈၂) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ (၀.၄၁၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၃၂၄) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၂၄၂)ဒေါ်လာသန်း၊  ဓာတုဗေဒပစ္စည်းများ (၀.၁၅၉) ဒေါ်လာသန်းဖြစ် ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန်တစ်ပိဿာလျှင် (၇၉) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက် ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း၊ ရော်ဘာ(၈၀၀၀)ယွမ်နှုန်း၊ ငရုတ်(အစို)(၅၀၀၀) ယွမ် နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) ယွမ်နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၆၇၆) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၀၈၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၇.၇၆၀) ဒေါ်လာသန်း ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၂.၇၀၄)ဒေါ်လာသန်း၊ သွင်းကုန်(၄.၈၃၉)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ (၇.၅၄၃)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူထက် ပို့ကုန် (၁.၉၇၂) ဒေါ်လာသန်း၊ သွင်းကုန် (၈.၂၄၇) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၀.၂၁၇) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမယ်များအနက်  ဆန်၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲ(အခွံပါ)၊ စွန်တာနီပဲ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ နှမ်းနက်၊ ချင်းခြောက်၊ ရော်ဘာကြမ်း၊ ဝခြောက်နှင့် CMP တို့ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉) ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခတစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန်ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀) ယွမ်နှုန်း၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀) ယွမ်နှုန်းရှိကြောင်းသိရှိရသည်။

မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News