Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှတောင်းခံလာ ပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၂၁)စောင်ဖြစ်ပြီး ရေခဲကဏန်း၊ ကဏန်း၊ ငါးရှဉ့်၊ ဝါဂွမ်း၊ ချဉ်ပေါင်ဖာလာနှင့် စကျင်ကျောက်ဆင်းတုတို့ လျှောက် ထားမှုရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှ ၂၂ ရက်အထိ စုစုပေါင်း Form E (၅၉၄)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ဝါဂွမ်း (၀.၃၁၈) ဒေါ်လာသန်း၊ ခဲသွပ်အရောသတ္တု့(၀.၂၂၈) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၀၉၅) ဒေါ်လာသန်း၊ ကဏန်း (၀.၀၆၇) ဒေါ်လာသန်း၊ ဆန် (၀.၀၅၇) ဒေါ်လာသန်း၊ ဆန်ကွဲ(၀.၀၄၇) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ (၀.၀၄၅) ဒေါ်လာသန်း၊ ပိုးအိမ် (၀.၀၄၃) ဒေါ်လာသန်း၊ ခဲသတ္တု(၀.၀၄၀) ဒေါ်လာသန်း၊ ပြောင်းဖူးစေ့ (၀.၀၂၇) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၁၇၉) ဒေါ်လာသန်း၊ သံပိုက်(၀.၀၉၄)ဒေါ်လာသန်း၊ ပန်းသီး(၀.၀၈၅)ဒေါ်လာသန်း၊ ဒီဇယ်မီးစက်(၀.၀၈၅)ဒေါ်လာသန်း၊ သံချောင်းခွေ(၀.၀၆၅) ဒေါ်လာသန်း၊ သံချောင်း (၀.၀၄၄) ဒေါ်လာသန်း၊ ပိတ်လိပ် (၀.၀၂၃) ဒေါ်လာ သန်း၊ ဖန်ခွက်(၀.၀၂၁)ဒေါ်လာသန်း၊ စပျစ်သီး (၀.၀၁၉)ဒေါ်လာသန်း၊ အလူမီနံယံ ချောင်း (၀.၀၁၇) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၆၇)စီး၊ သွင်းကုန်ယာဉ် စီးရေ (၉၄)စီး၊ စုစုပေါင်း(၁၆၁)စီး၊ ပို့ကုန်(၁.၀၂၅)ဒေါ်လာသန်း၊ သွင်းကုန်(၁.၃၃၉)ဒေါ်လာသန်းနှင့် ကုန်သွယ်မှု ပမာဏ (၂.၃၆၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၂၁၀)စီး၊ သွင်းကုန်ယာဉ် စီးရေ (၁၈၈၀)စီး၊ ကုန်သွယ်မှု (၅၀.၀၅၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

 မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာ ငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက် ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှအများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁) တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၂-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၀၂၅) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၃၃၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၃၆၄) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း (၁၈၁.၃၄၀)၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၈) သန်း၊ ခဲသွပ်အရောသတ္တု (၃၉၁.၀၀၀)၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၂၈) သန်း၊ ငါးရှဉ့် (၃၁.၇၆၀)၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၅) သန်း၊ ကဏန်း (၁၇.၆၈၀)၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၇) သန်း၊ ဆန် (၁၀၂.၀၀၀) ၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၅၇) သန်း၊ ဆန်ကွဲ (၁၀၃.၀၀၀)၊ တန်ဖိုး (၀.၀၄၇)ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ(၃၀.၄၀၀၀)၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ ပိုးအိမ် (၈.၆၄၀)၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၃) သန်း၊ ခဲသတ္တု(၁၂၉.၀၀၀)၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၀)သန်းနှင့် ပြောင်း(၁၀၂.၀၀၀) ၊တန်ဖိုး ကန်ဒေါ်လာ  (၀.၀၂၇) သန်း တို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၉)သန်း၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၄) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၅) သန်း၊ ဒီဇယ်မီးစက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၅) သန်း၊ သံချောင်းခွေ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅)သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄)သန်း၊ ပိတ်လိပ် တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၃)သန်း၊ ဖန်ခွက်တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၁)သန်း၊ စပျစ်သီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉) သန်းနှင့် အလူမီနီ ယံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၂၂) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၂.၃၄၈)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၇.၇၀၇) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅၀.၀၅၅)သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ် ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

(၂၂-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ဝါဂွမ်း (၁) တန်လျှင်ကန်ဒေါ်လာ(၁၇၅၁.၀၀၈) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၅၈၂.၃၀၇) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀၂.၂၁၃) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၈.၆၉၇) နှုန်း၊ ဆန် (၁) တန်လျှင် ကန်ဒေါ်လာ (၅၆၀.၃၈၅) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၅၀.၃၆၃) နှုန်း၊ ချဉ်ပေါင်ဖာလာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၄၈၃.၁၃၈) နှုန်း၊ ပိုးအိမ် (၁) တန်လျှင် ကန်ဒေါ်လာ (၅၀၀၂.၃၅၇)နှုန်း၊ ခဲသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၃၁၂.၀၂၀) နှုန်း၊ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ(၂၆၅.၀၁၁) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

(၁၆-၁၀-၂၀၂၃) ရက်နေ့ မှ (၂၂-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့ သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း၊ တန်ဖိုး ကန်ဒေါ်လာ(၁.၁၂၇) သန်း၊ ငါးရှဉ့်၊ တန်ဖိုးကန် ဒေါ်လာ (၀.၈၄၀)သန်း၊ စကျင်ဆင်းတု၊ တန်ဖိုး ကန်ဒေါ်လာ(၀.၇၀၅) သန်း၊ သွပ်သတ္တု ၊ တန်ဖိုး ကန်ဒေါ်လာ(၀.၆၄၄) သန်း၊ ခဲသွပ်အရောသတ္တု ၊ တန်ဖိုးကန်ဒေါ်လာ (၀.၆၀၈) သန်း ၊  ကဏန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၅၃၁) သန်း၊ ကြက်သွန်နီတန်ဖိုး ကန်ဒေါ်လာ (၀.၄၈၅) သန်း၊ ပိုးအိမ် တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၄) သန်း ၊ ဆန် တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၄) သန်းနှင့်ပြောင်း တန်ဖိုး ကန်ဒေါ်လာ(၀.၂၅၂) သန်းတို့ဖြစ်ပါသည်။

(၁၆-၁၀-၂၀၂၃) ရက်နေ့မှ (၂၂-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့ သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၁.၈၁၂) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၀) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၃၄၄) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၃၃၆) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၃)သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ(၀.၁၈၉) သန်း၊ သံချောင်းခွေတန်ဖိုးကန်ဒေါ်လာ (၀.၁၇၂)သန်း၊ နီကယ်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၉) သန်း ၊ ပိုးသတ်ဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၉) သန်း ၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၉) သန်းတို့ဖြစ်ပါသည်။

(၁၆-၁၀-၂၀၂၃)ရက်နေ့မှ (၂၂-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအား ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၅၀.၆၇၄) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၄၄၅) နှုန်း၊ စကျင်ဆင်းတု (၁)တန်လျှင် ကန်ဒေါ်လာ (၁၃၁၀.၄၀၇) နှုန်း၊ သွပ်သတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၂၄၇၈.၁၇၇) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ(၅၈၂.၂၇၄)နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၁.၀၃၀) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၅၅၀.၁၀၃) နှုန်း၊ ပိုးအိမ် (၁) တန်လျှင် ကန်ဒေါ်လာ (၅၀၀၀.၃၀၅) နှုန်း၊ ဆန်(၁)တန်လျှင်ကန်ဒေါ်လာ(၅၄၂.၁၈၀)နှုန်း၊ ပြောင်း(၁)တန်လျှင်ကန် ဒေါ်လာ (၂၆၅.၀၆၈) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News