Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၇-၁၀-၂၀၂၃) ရက်နေ့မှ (၂၀-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ကွမ်းသီးခြောက်၊ ချင်း(ခြောက်)၊ ရေထွက်ပစ္စည်းဖြစ်သော ငါးကြိတ်သားနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ (၁၇-၁၀-၂၀၂၃)ရက်နေ့မှ(၂၀-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့်ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ် ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၇-၁၀-၂၀၂၃) ရက်နေ့မှ (၂၀-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေ ဖြင့်စက်ဘီး၊ အဝတ်အထည်၊စာရေးကိရိယာ၊ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဓာတ်မြေဩဇာ၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါ သည်။

(၁၇-၁၀-၂၀၂၃) ရက်နေ့မှ (၂၀-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန် ပစ္စည်းများမှာ အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၂.၅၉)ကျပ်ရှိပြီး ယခုအပတ် တွင် (၉၁.၃၂) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းလျက်ရှိပါသည်။

(၁၄-၁၀-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃) ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၂၅၄၆၉) U၊ (၆.၅၂၄) တန် (၁.၄၈၅)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၅၁.၄၃၉) ဒေါ်လာဖြင့် (၁၃၈၆.၁၆၀)တန်  (၀.၉၀၃) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန် လျှင် (၁၅၈၀.၄၈၄) ဒေါ်လာဖြင့် (၃၄၇.၃၆၂)တန် (၀.၅၄၉) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင်(၃၈၅.၃၆၉)ဒေါ်လာဖြင့် (၆၆၆.၈၉၄)တန် (၀.၂၅၇)ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန် လျှင် (၁၄၈၈.၀၉၅) ဒေါ်လာဖြင့် (၁၆၈) တန် (၀.၂၅၀) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင်(၁၄၀၀)ဒေါ်လာဖြင့်(၁၂၀)တန် (၀.၁၆၈) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၁၉၈.၉၇၆) ဒေါ်လာဖြင့်(၆၈၃.၅၀၀) တန် (၀.၁၃၆) ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၀၆၂.၅၀၀) ဒေါ်လာဖြင့် (၉၆)တန် (၀.၁၀၂)ဒေါ်လာသန်း၊ ပဲတီစိမ်း(၁) တန်လျှင်(၈၀၀) ဒေါ်လာဖြင့် (၉၀)တန် (၀.၀၇၂) ဒေါ်လာသန်း၊ ပြောင်းကြိတ်ဖတ်မှုန့်(၁)တန်လျှင် (၂၆၃.၃၀၅) ဒေါ်လာဖြင့် (၁၇၈.၅၀၀) တန် (၀.၀၄၇) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

(၁၄-၁၀-၂၀၂၃ မှ ၂၀-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၈၅၀) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၇၅၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ(၀.၇၂၈)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၅၇၇) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၄၀၂) ဒေါ်လာသန်း၊ အလှကုန် ပစ္စည်းမျိုးစုံ (၀.၃၉၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၃၆၉)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၀.၃၆၃)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၃၅၇) ဒေါ်လာ သန်း၊ အခြားစက္ကူ များ (၀.၃၃၉) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁၃.၄၉၂) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၄၂.၂၀၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၅၅.၆၉၈ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News