Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပန်းခရုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပန်းခရုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သိန်းသိန်း က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ပန်းခရုပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ပန်းခရုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဖျာပုံမြို့နယ်ကနေ ပန်းခရုတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ပန်းခရုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ပန်းခရုတွေရဲ့ လတ်ဆက်မှုနဲ့ သန့်ရှင်း မှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ပန်းခရုတွေကို လတ်တလောပင်လယ်စာ အရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလိုအရောင်းအဝယ်ကောင်းလာတာဖြစ်ပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်း များ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သိန်းသိန်းက ပြောပြသည်။ ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ပန်းခရု တစ်ပိ ဿာလျှင် ငွေကျပ် ၂၀၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ တင်ပို့အားကောင်းလာသည့် အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်း ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင်းအလမ်းများ ပိုမိုကောင်းမွန်လာကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News