ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်ခရမ်းသီးများ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြ သည်။ ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်ခရမ်းသီးများ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိသည့် ခရမ်းသီးများမှ တစ်ရက်လျှင် အလုံး ရေ ၄၀၀၀၀ မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေထွက်ရှိတဲ့ ခရမ်း သီးတွေ အဝယ်လိုက်နေပါတယ်။ ကျောင်းကုန်းမြို့နယ်ကနေ အခြားဒေသတွေကို ခရမ်းသီးအလုံးရေ ၅၅၀၀၀ ထိ တင်ပို့ရောင်းချနေပါတယ်။ ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာတွေ့ရပါတယ်။ ဒီနှစ် ခရမ်းသီးတွေက အရည်အသွေးကောင်းသလို အထွက်နှုန်းလဲ ကောင်းပါတယ်။ လက်ရှိခရမ်းအဝိုင်းသီးကော အရှည်သီးကော အမျိုးအစားနှစ်မျိုးစလုံးအရောင်းအဝယ်ကောင်းမွန်နေပါဝယ်” ဟု ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်ခရမ်း သီးအလုံးရေ ၁၀၀ လျှင်ငွေကျပ် ၁၁၀၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသထွက်ခရမ်းသီးများအပါအဝင် အခြား ကုန်စိမ်းများကို ကျောင်းကုန်းဈေးကွက်အပြင် ပုသိမ်၊ ရေကြည်စသည့် ဒေသများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ