Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၉၁၄) ဒေါ်လာနှုန်းဖြင့် (၁၀၀၅) တန် ၊ တန်ဖိုး (၀.၉၁၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၀) ဒေါ်လာနှုန်းဖြင့် (၆၃) တန်၊ တန်ဖိုး (၀.၁၁၆) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ (၁)တန် လျှင် (၁၃၉၀) ဒေါ်လာနှုန်းဖြင့် (၅၀၄) တန်၊ တန်ဖိုး (၀.၇၀၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထား ရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၁.၇၃၆) ဒေါ်လာ သန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မှ (၂၄)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၁) ဒေါ်လာနှုန်းဖြင့်(၂၅၇၀) တန်၊ တန်ဖိုး (၂.၁၃၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၁၈)ဒေါ်လာနှုန်းဖြင့်(၁၁၂၅) တန် ၊ တန်ဖိုး (၁.၀၃၃) ဒေါ်လာ သန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၀.၁၄၆)တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၃.၃၂၈) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ် နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News