Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

 တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၇-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၇,၃၄၀.၀၄၃) တန်၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၁၉.၅၀၀) တန်၊ တန်ဖိုး (၀.၁၀၉) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ထောပတ်သီး (၃၀၈.၀၀၀) တန်၊ တန်ဖိုး (၀.၁၇၀)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ဆိတ်(အရှင်) (၄၀၀)ကောင်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ တံမြက်စည်း (၁၁၃.၇၀၀)တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၄) အပါအဝင် ပို့ကုန်တန်ဖိုး (၂.၂၂၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်း လျှင် (၉၉၇.၁၄၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၇-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄) တွင် ဓာတ်ဆီ (၄၁၈၆) BBL ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်း၊ ဒီဇယ် (၇၈၆) BBL ၊ တန်ဖိုး (၀.၀၈၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၉၈) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၄၈) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၄၂၃) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၁၀) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၂၈) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၀၈) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၀၈) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၈) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၆၅) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၅၄၈) အပါအဝင် သွင်းကုန် တန်ဖိုး (၂.၀၀၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News