မော်လမြိုင်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလတတိယပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်းများမှာ ရေးကွမ်းသီးပေါင်းခြမ်းတစ်ပိသာလျှင်(၄၀၀၀)ကျပ်၊ ရေးကွမ်းသီးပေါင်းခြမ်း (၈၀% ခြောက်သား) တစ်ပိသာလျှင်(၅၅၀၀)ကျပ်၊ ရေးပေါင်းခြမ်း(၉၉%ခြောက်သား)တစ်ပိသာ လျှင်(၆၀၀၀)ကျပ်၊ အံစာသန့်(ခြောက်)တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ ရှယ်ဝိုင်းခြောက်(ပြွန်းသန့်) တစ်ပိသာလျှင် (၆၅၀၀)ကျပ်၊ ရှယ်ဝိုင်းခြောက်(အလယ်သား) တစ်ပိသာလျှင် (၇၅၀၀)ကျပ်၊ ဂျင်းပြတ်(ခြောက်) တစ်ပိသာလျှင်(၆၀၀၀)ကျပ်နှင့် မော်လမြိုင်အညိုသီးအရိုင်း (အသစ်) တစ်ပိသာလျှင်( ၁၉၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး