Local News

ပဲကြီးစျေးအနည်းငယ်ပြန်တက်

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ပဲကြီးသီးနှံကို အဓိကအနေဖြင့် စိုက်ပျိုးကြပြီးပြည်တွင်းစားသုံးမှုများသည့် သီးနှံဖြစ်သည့်အပြင် ပြည်ပစျေးကွက်အတွက်ပါ တင်ပို့နိုင်ရန် စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံကို ပြည်တွင်းပဲကြော်လုပ်ငန်းရှင်များနှင့်လှောင်လက်များမှ ဝယ်လိုအားရှိနေ၍ စျေးအနည်းငယ် ပြန်တက်လာပါသည်။ ဇန်နဝါရီလတွင် စျေးအနည်းငယ်ကျဆင်းနေသော်လည်း ယခု ဖေဖော်ဝါရီလ တွင် စျေးအနည်းငယ်ပြန်တက်လာပါသည်။ 
ပြည်တွင်းစားသုံးမှု အခိုင်အမာရှိသည့်ပဲကြီးသီးနှံသည် ထွက်ပေါ်စ၌ ပဲကြီးတစ်တင်းလျှင် ကျပ် (၁၃၀၀၀၀) စျေးအထိ ရရှိခဲ့ကာ လှိုင်လှိုင်ပေါ်ချိန်တွင် ပဲကြီးတစ်တင်းလျှင် ကျပ် (၁၁၅၀၀၀) စျေးအထိ ကျဆင်းလာပြီး ယခုအချိန်၌ ပြည်တွင်းဝယ်လိုအားကြောင့် ပဲကြီးတစ်တင်းလျှင် ကျပ် (၁၂၄၅၀၀)စျေးအထိ ပြန်လည်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်စျေးနှုန်းသတင်းများအရသိရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News