International News

၂၀၂၄ခုနှစ်၏ ပထမလေးလတာကာလတွင် အမေရိကန်နိုင်ငံက ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးတင်ပို့မှုဈေးကွက်အဖြစ်ရပ်တည်

Last Updated:

အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမလေးလတာကာလတွင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံဖြင့် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးတင်ပို့မှုဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။ အထွေထွေကိန်းဂဏန်းအချက်အလက်ရုံး၏ အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁၆.၄ ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်းသိရပါသည်။ လေးလတာကာလတွင် ဗီယက်နမ်နိုင်ငံသည် ပို့ကုန်သွင်းကုန်ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၈.၈၈ဘီလီယံရှိခဲ့ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈.၄ဘီလီယံရရှိခဲ့ပါသည်။ ပြည်ပသို့တင်ပိ့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံကျော်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ပထမလေးလတာကာလထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်တွင်းသို့ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၁၅ ဘီလီယံကျော်ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သည့်နှစ် ပထမလေးလတာကာလထက် ၁၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ စက်မှုလုပ်ငန်းသုံးပစ္စည်းများတင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ၈၇ ရာခိုင်နှုန်းရှိခဲ့ပြီး မတည်ပစ္စည်းများ (Capital Goods) တင်သွင်းမှုမှာ တင်သွင်းမှုစုစုပေါင်း၏ ၉၄ ရာခိုင်နှုန်းရှိသည်ဟုသိရပါသည်။

Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News