Local News

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)တွင် နတ်မောက်မြို့အနီးပတ်ဝန်းကျင်ကျေးရွာများအပြင် မြစ်အနောက်ဘက် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းတို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမှထွက်ရှိသည့် ကုလားပဲများ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးမြို့များမှ ဝယ်ယူကြောင်းနှင့် ကုန်သည်များမှလည်း ဝယ်ယူပြီး သိုလှောင်လျက်ရှိကြောင်း၊ တစ်ပတ်လျှင် အိတ်ပေါင်း (၂၀၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ကုလားပဲ(929)(၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၉၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ကျပ်(၈၂၅၀၀)ဖြစ်၍ ကျပ်(၆၅၀၀)ဈေးတက်ခဲ့ကြောင်း၊ ကုလားပဲ(HL)(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၈၂၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ကျပ်(၇၉၀၀၀) ဖြစ်၍ ကျပ်(၃၀၀၀)ဈေးတက်ခဲ့ကြောင်း၊ နှမ်းသီးနှံဈေးနှုန်းများမှာ မေလ(တတိယပတ်)တွင် နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၂၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ကျပ်(၁၂၁၀၀၀)ဖြစ်၍  ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ လုံးဆံနီ(၁)ပိဿာလျှင် (တတိယပတ်)တွင် ကျပ်(၉၂၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ကျပ်(၈၇၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ လုံးဆံဖြူ(၁)ပိဿာလျှင် (တတိယပတ်)တွင် ကျပ်(၁၀၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင်လည်း ကျပ်(၁၀၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News