Local News

ရာသီစာ အင်ဥ (မှိုစေ့) စတင်ဝင်ရောက်၍ ဈေးကောင်းရ

Last Updated:

ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ၊ မေလတတိယပတ်တွင် ရာသီပေါ်အင်ဥ(ခေါ်)မှိုစေ့များ စတင်ဝင်ရောက်လာ၍ တစ်ပိဿာလျင် (၈၀၀၀၀) ကျပ်ဖြင့် ဈေးကောင်းရ အရောင်းအဝယ်ဖြစ်နေပြီး၊ ဝင်ရောက်လာသော အင်ဥ(မှိုစေ့)များအား  ဈေးအတွင်းရှိ လက်လီပျံကျဈေးသည်များကို ဖောက်သည်ပေးသည့် အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည် ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ်စားသုံး သူများသို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေး အတွင်းရှိ သီးနှံစုံ လက်ကားဒိုင် များမှ သတင်းရရှိသည်။

Source: https://www.doca.gov.mm

Category: Local News