International News

၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ တူနာငါးတင်ပို့မှု ၂၀% တိုးတက်လာ

Last Updated:

တူနာငါးတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၄၅၆.၈ သန်းသို့ ရောက်ရှိရန်မျှော်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်းမှ သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် လျော့နည်းသွားပြီးနောက် ပို့ကုန်သည် ယခင်နှစ် ပထမ ၅ လတွင် ၂၂% တိုးလာကာ အမေရိကန်ဒေါ်လာ ၃၈၈ သန်းထိ ရရှိခဲ့သည်။

တူနာစည်သွပ်ဗူးများ တင်ပို့မှုမှာ ၄၄%၊ တူနာအထုပ်များတင်ပို့မှုမှာ ၂၄% နှင့် အေးခဲနေသော တူနာငါးအသားလွှာများတင်ပို့မှုမှာ ၇% အသီးသီးတိုးတက်လာခဲ့သည်။ ဈေးကွက်အများစုကို ပို့ကုန်များတိုးလာကာ အမေရိကန်နှင့် EU တင်ပို့မှုမှ ၃၀% နှင့် ၃၇% မြင့်တက်ခဲ့သည်။ အစ္စရေး၊ ရုရှားနှင့် တောင်ကိုရီးယားသို့တင်ပို့မှု ၆၄%၊ ၅၈%၊ ၆၆% မြင့်တက်ခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့က HCM မြို့တွင် ကျင်းပသည့် အသင်း၏ နှစ်ပတ်လည်အထွေထွေ ညီလာခံတွင် Binh Dinh Fisheries Joint Stock Company ၏ ဒါရိုက်တာ Cao Thi Kin Lan က ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်သည် ထိုင်း၊ အီကွေဒေါ၊ စပိန်၊ တရုတ် တို့ပြီးလျှင် ကမ္ဘာ့ပဥ္စမမြောက် တူနာငါးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း လွန်ခဲ့သော ၁၀ နှစ်က အဆင့် ၈ နေရာမှ တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ငါးတင်ပို့မှုမှ ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထင်ရှားသောမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်ခဲ့ကြောင်း ကုန်ကြမ်းပြတ်လပ်မှုကိုဖြေရှင်းပါက ယခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံ ထပ်မံရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.doca.gov.mm

Category: International News