Local News

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဩဂုတ်စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောမတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လစတုတ္ထပတ်အတွင်း မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် ငွေကျပ် ၉၀၀၀ အထိမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

Source: https://www.doca.gov.mm

Category: Local News