Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကောက်ရိုးမှို ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကောက်ရိုးမှို ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဦးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွကသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကောက်ရိုးမှို ပိဿာချိန် ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကောက်ရိုးမှိုပိဿာချိန် ၆၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ လက်ရှိကောက်ရိုးမှိုတွေထွက်ရှိနေပါတယ်။ ဓနုဖြူမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့တာများပါတယ်။ ဒီဇင်ဘာလအတွင်း ကောက်ရိုးမှိုပိဿာချိန် ၆၄၀၀၀ ကျော်ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဇန်နဝါရီလထဲမှာလဲ မှိုတွေကို ရန်ကုန်ဈေးကွက်က ကုန်သည်တွေဝယ်ယူမှု များပြားနေပါတယ်။ ပြည်ပဈေးကွက်ကို တင်ပို့နိုင်မယ်ဆိုရင် အခုထက် အရောင်းအဝယ်ကောင်းလာမှာဖြစ်ပါတယ်” ဟု ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဦးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ကောက်ရိုးမှိုများကို လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကောက်ရိုးမှိုပိဿာချိန် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ကောက်ရိုးမှိုများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်သည်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလာကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News