Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ငရုတ်သီးစိမ်းပိဿာချိန် ၇၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ငရုတ်သီးစိမ်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၉၇၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို နိုဝင်ဘာလက ငရုတ်သီးစိမ်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ကျိုက်လတ်မြို့နယ်ကထွက်တဲ့ ငရုတ်သီးစိမ်းတွေက အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးက အရည်အသွေးကောင်းတော့ မှာယူမှုများပြီး တင်ပို့အားတက်ခဲ့တာပါ။ လက်ရှိငရုတ်သီးစိမ်းဈေးကတော့ ၁၀ ပိဿာကို ငွေကျပ် ၉၇၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်လက်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းချနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာ က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီး ငရုတ်နှင့် ကွမ်းစိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ ဒေသမှ ထွက်ရှိလာသော ငရုတ်သီးများ သည် အရည်အသွေဂကောင်းမွန်ကြောင်း၊ လက်ရှိ ငရုတ်သီးစိမ်းများ တင်ပို့ရောင်းချအားတက်လာခြင်း၊ ငရုတ်အရည်အသွေးကောင်းလာခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News