Local News

တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း၂၀၀ နီးပါးရရှိထား

Last Updated:

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရာမှ ကန်ဒေါ်လာ ၁၉၀ ဒသမ ၉၆၉ သန်းရရှိထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါ ပို့ကုန်ဝင်ငွေသည်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ဇန်နဝါရီလအထိ တင်ပို့ခြင်းမှရရှိသည့်ဝင်ငွေဖြစ်ပြီး ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၄၉၈ သန်းရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံသို့ ရေလမ်းခရီးဖြင့် အဓိကတင်ပို့ပေးနေရပြီး ကော့သောင်းနယ်စပ်မှ ၈၀ ရာခိုင်နှုန်းအထိ တင်ပို့လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုနှစ် ငါးဖမ်းရာသီအတွင်း ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွာခြင်း၊ ငါးဖမ်းရာသီ အပြောင်းအလဲဖြစ်သွားခြင်း ထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်းများကြောင့် ရေထွက်ကုန်တင်ပို့မှုမှာ ကျဆင်းသွားကြောင်းလည်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

Source: https://t.me/popularjournal

Category: Local News