Local News

လာမည့်ဘဏ္ဍာနှစ်တွင် ဆန်ဖြူ ပေါင်းဆန်နှင့် ဆန်ကွဲအပါအဝင် စုစုပေါင်း ဆန်တန်ချိန် နှစ်သန်းဝန်းကျင်အထိ တင်ပို့ရန်လျာထား

Last Updated:

လာမည့်ဘဏ္ဍာနှစ်တွင် ပြည်တွင်းမှထွက်ရှိသော ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဆန်ကွဲအပါအဝင် စုစုပေါင်းဆန်တန်ချိန် နှစ်သန်းဝန်းကျင်အထိ ပြည်ပနိုင်ငံများသို့ တင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ  သိရသည်။ ပြည်တွင်းမှထွက်ရှိသော ဆန်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် အဓိကဝယ်လက်မှာ ဥရောပဈေးကွက်ဖြစ်ပြီး အာရှနိုင်ငံများဖြစ်သော တရုတ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စသည့် နိုင်ငံများသို့လည်း မြန်မာ့ဆန်များကို ကောင်းမွန်သောအရည်အသွေး၊ သင့်လျော်သောဈေးနှုန်းများဖြင့် တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်သည်။

“လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်တွင်းက ထွက်ရှိတဲ့ ဆန်တန်ချိန် နှစ်သန်းဝန်းကျင်အထိ ပြည်ပကိုတင်ပို့ဖို့ လျာထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက်ရရှိဖို့  မျှော်မှန်းထားပါတယ်။  အဲဒီလိုတင်ပို့ရာမှာ တန်ချိန်များများ တင်ပို့တာထက် ဆန်ဖြူ၊  ပေါင်းဆန်၊ ဆန်ကွဲ စတဲ့တန်ဖိုးမြှင့်ဆန်တွေ၊ တန်ဖိုးမြှင့် ထုတ်ကုန်တွေကို ဦးစားပေးတင်ပို့မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

ထို့ပြင် ပြည်တွင်း၌ စပါးဈေးမြင့်လျှင်လည်း  ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စပါးခွံများကို အကျိုးရှိစွာ အသုံးချပြီး အပိုဝင်ငွေများ ဖန်တီးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တခြားတစ်ဖက်တွင်လည်း ဈေးကွက်အတွင်း ဆန်ရောင်းဝယ်မှုများကို သင့်လျော်သော ဈေးနှုန်းနှင့်မှန်ကန်စွာ အရောင်းအဝယ် ပြုလုပ်ကြစေရန် မလိုလားအပ်သော ဈေးကစားသူများကို ဖော်ထုတ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News