စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇန်နဝါရီလ(နောက်ဆုံးပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀-၁၉၀၀၀)များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ငွေကျပ်(၆၀၀၀-၉၀၀၀) များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်) တွင် ငွေကျပ် (၅၀၀၀-၇၀၀၀)များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန်နွေဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများကာ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
Source: https://www.doca.gov.mm