Local News

ကံမမြို့နယ် ပဲတီစိမ်း၊ မတ်ပဲ ၊မြေပဲနှင့်ပဲကြီး ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ မြောက်ချောင်းဘက်ရှိ ကျေးရွာများဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာစသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ပဲကြီးမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်)တွင် စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ပဲတီစိမ်းသီးနှံမှာ (၃၀) ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၉၇၅၀၀-၁၀၅၀၀၀)ဖြင့်  ယခင်ဖေဖော်ဝါရီလ (တတိယပတ်)ထက် ကျပ်(၆၀၀၀)အကျဈေးဖြင့် ပစ္စည်းလက်ကျန်မရှိသလောက်နည်းပါးသွားပြီး အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်း၊ ဆောင်း မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၆၂၅၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၃၇၅၀) အကျဈေးဖြင့် တစ်နေ့လျှင်အိတ်ရေ(၃၀မှ၅၀)ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိကြောင်း၊ ဆောင်းမြေပဲသီးနှံမှာ (၁)ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် (၆၁၀၀မှ၆၂၀၀) ဈေးဖြင့် ယခင်အပတ်ထက် (၁၀၀မှ၂၀၀)အကျဈေးဖြင့် တစ်နေ့လျှင်ပိဿာ(၂၀၀မှ၃၀၀)အတွင်း ဝင်‌ရောက်လျက်ရှိကြောင်း၊ ပဲကြီးသီးနှံများလည်းပေါ်ထွက်လျက်ရှိရာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀) ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၈၀၀၀)အကျဈေးဖြင့် နေ့စဉ်အိတ်(၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည် ကိုထိုက်သူအောင်ထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News