Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၅၈၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၃၀၆၆) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၉၆၄၈)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မှ (၂၅) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ(၂၀၅.၀၀) တန်၊ (၀.၀၇၄၅) ဒေါ်လာသန်း၊ ငရုတ်သီး (၂၂၃.၁၅၇) တန်၊ တန်ဖိုး (၀.၁၆၅၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၄၅) တန်၊ တန်ဖိုး (၀.၀၁၃၇) သန်း၊ ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၃၃၁.၂၀၀) တန်၊ တန်ဖိုး (၀.၄၀၃၆) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၆) တန်၊ တန်ဖိုး (၀.၀၀၀၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၉၁) ဒေါ်လာသန်း၊ ကြွေပြား (၅၇၄၀) M2 ၊ တန်ဖိုး (၀.၁၃၈) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀၀၀၀) U၊ တန်ဖိုး(၀.၀၀၂၈)ဒေါ်လာသန်း၊ ဖိနပ်(၆)တန်၊ တန်ဖိုး (၀.၀၀၀၇)ဒေါ်လာသန်း၊ ငါးသေတ္တာ ဘူးခွံ (၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ကျောက်ပြား (၁၁၈) တန်၊ တန်ဖိုး (၀.၀၂၃၁) ဒေါ်လာသန်း၊ A4 စက္ကူ (၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၁) ဒေါ်လာသန်း၊ ရေခဲစက်(၁) U၊ တန်ဖိုး (၀.၁၂၆၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၉၄၅.၅၇၅) ဒေါ်လာနှုန်း၊ ပုစွန် (၆၇၈၆.၆၈) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၉၄.၁၁) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၇.၁၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၆၃.၄၁၅) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၄၂.၀၇၈.၉၄၁) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၄.၄၄၄) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာသန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၂၇၁.၄၂၈) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄၀၄) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၆.၆၆၆) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၅.၇၆၃) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၇၅) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၈-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၀၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၀.၀၀) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News