Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၉၂၂.၆၄၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅.၁၈၅)သန်းနှင့် သွင်းကုန်တန်ချိန် (၁၃၅၄.၅၇၂)၊ (၁၇၅၃)U၊(၁၄၄၀၀၀)2U၊ (၁၁၉၀)BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၈၈၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၆ .၀၆၅) သန်းဖြစ်ပါသည်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၅) သန်းဖြစ်ပြီး (၂၄-၂-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၆.၅၆၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၀% ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် (၃၃၉၆.၈၃)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၉၆၂) သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် ၁၅၂၅.၈၁၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၂၃ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ သဲဂဏန်း၊ ၁ ကီလိုဂရမ်၊ ၃.၈၉၀ ဒေါ်လာ၊ ကုလားကုတ်၊ ၁ ကီလိုဂရမ်၊ ၁.၃၀၀ ဒေါ်လာ၊ ကင်းမွန်(8 - 12 cm)၊၁ ကီလိုဂရမ်၊ ၂.၁၀၀ ဒေါ်လာ၊ ရေဘဝဲ(100 gm down)၊ ၁ ကီလိုဂရမ်၊၁.၈၃၄ ဒေါ်လာ၊ ပုဇွန်ကြမ်း (size 61 - 70)၊၁ ကီလိုဂရမ်၊ ၅.၅၀၀ ဒေါ်လာ၊ ပလာတူး၊ ၁ ကီလိုဂရမ်၊ ၀.၉၈၀ ဒေါလာ၊ လိုင်းဝါ၊ ၁ ကီလိုဂရမ်၊ ၁.၈၂၀ ဒေါ်လာ၊ ငါးစက္ကူ(1000 gm down)၊၁ ကီလိုဂရမ်၊ ၁.၃၇၀ ဒေါ်လာ၊ ကြိမ်မွေ့ဒေါင်း(800 gm down) ၊ ၁ ကီလိုဂရမ်၊ ၁.၁၃၀ ဒေါ်လာ၊ ကဗျက် (100 – 150 gm)၊ ၁ ကီလိုဂရမ်၊ ၀.၉၀၆ ဒေါ်လာတို့ဖြစ်ပါသည်။

သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၃၅၈၅၃၀.၆၄၀) M2၊ (၃) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၃၆၄) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၇၅၀) U၊ (၆၃၃.၂၀၇) တန်၊ (၁၁၉၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၁၈) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၁၄၄၀၀၀) (2U)၊ (၇၂၁.၀၈၅) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၁၉၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News