Local News

မြင်းခြံမြို့နယ်၌ ပန်းဂေါ်ဖီ (ခေါ်) ပန်းမုန်လာ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းဂေါ်ဖီကိုလည်း စိုက်ပျိုးကြ ကြောင်း သိရသည်။ ပန်းဂေါ်ဖီကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ နောက် ဆုံးပတ်မှစတင်၍ ယခုအချိန်အထိ ခူးဆွတ်ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုး ထောင်၍ ပျိုးပင်တစ်လသားအရွယ်တွင် စိုက်ဘောင်၌ အတန်းလိုက်စိုက်ပျိုးရကြောင်း၊ မြေပြုပြင် ခြင်း၊ သွင်းအားစု၊ မျိုးစေ့၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၂၅ သိန်းခန့်ကုန်ကျပြီး ပျမ်းမျှအပွင့်ရေ ၅,၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် အချို့တောင်သူများမှလည်း မြင်းခြံမြို့ရှိ ကုန်စိမ်းလက်ကား ဆိုင်များသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များ ရရှိလျက်ရှိကြောင်း သိရသည်။

Source: Commerce

Category: Local News