Local News

အထက်မင်းလှမြို့နယ်၌ ဆောင်းသီးနှံပဲကြီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော၊ ညောင်ပင်သာစသည့် ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ပဲကြီးသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ပဲကြီးမျိုးအနေဖြင့် ရွှေကျွန်းမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ထွန်တုံးဖြင့် ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စက်တင်ဘာလ၌စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ် ၂၀၀,၀၀၀ ခန့်ကုန်ကျပြီး တစ်ဧကလျှင် ၁၅-၂၀ တင်းထွက်ရှိကြောင်း၊ ပဲကြီးသီးနှံ စတင်ထွက်ပေါ်ချိန် ဖေဖော်ဝါရီလ၊ ဒုတိယပတ်တွင် ပဲကြီးတစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀-၁၁၀,၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲကြီးသီးနှံများလှိုင်လှိုင်ထွက်ရှိသည့် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၆၀,၀၀၀-၇၀,၀၀၀ အထိရရှိကာ ဈေးကွက်အနေဖြင့် ထွက်ရှိသည့်ပဲကြီးများကို အထက်မင်းလှ မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ပဲကြီးသီးနှံစိုက် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News