Local News

ပဲမျိုးစုံပြည်တွင်းတစ်တန်ဈေးနှုန်းများ

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် မေလ၂၄ ရက်နေ့တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ပြည်တွင်းဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲ တစ်တန် ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ၂၂၃၆၀၀၀ ကျပ်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၃၂၈၃၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲတီစိမ်း တစ်တန်ဈေး နှုန်းမှာ၂၀၂၃ ခုနှစ်တွင် ၁၄၈၂၀၀၀ ကျပ်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၂၀၄၂၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံ တစ်တန်ဈေးနှုန်းမှာ၂၀၂၃ ခုနှစ်တွင် ၂၆၃၅၀၀၀ ကျပ်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၄၃၀၀၀၀၀ ကျပ်သို့လည်းကောင်း၊ ကုလားပဲအနေဖြင့် ၂၀၂၃ တွင်၂၅၅၃၇၀၀ ကျပ်မှ ၂၀၂၄ တွင်၂၇၅၅၈၀၀ ကျပ်သို့လည်းကောင်း အသီးသီးဈေးမြင့်တက် သွားသည်ကိုတွေ့ရှိရသည်။ 

လက်ရှိတွင် အိန္ဒိယအစိုးရ၊ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာနက မတ်ပဲ နှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာတင်သွင်းခွင့် မူဝါဒကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက် တမ်းတိုးလိုက်သည့်အတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့် မတ်ပဲများအတွက် ဈေးကွက်အခွင့်အလမ်းများ ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News