Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၀-၅-၂၀၂၄ မှ ၂၄-၅-၂၀၂၄) အတွင်း ပဲနှင့်အခြာကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၂၆၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၅၃၀,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၃၃၅,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၂၃၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂၅,၀၀၀ အသီးသီးဈေး မြင့်တက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၃၅,၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင် သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၅၀ လုံး (တန်ချိန် ၃၆၀၀) ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀၀ လုံး (တန်ချိန် ၂၄၀၀) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၅၈၀၀၊ မြားနီ ကျပ် ၅၅၀၀၊ ပန်းတနော်ရှည် ကျပ် ၄၇၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၂၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၂၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက် ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၀၈၀၀ (၂၁၆,၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၆၀၀  (၉၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၈၀၀၀ (၁၆၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀ (၄၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၈၀၀ (၅၆,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀ (၄၅၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ ကြောင်း သိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 
ထန်းလျက်၊ ကြံသကာ နှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၅၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၁၀၀၊ ကြံသကာ ကျပ် ၃၀၀၀နှင့် သကြား(ပြည်တွင်း) ကျပ်၄၆၀၀ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦး ဆေးရှယ် (ထန်း) ကျပ် ၈၀၀ ဈေးကျဆင်းခဲ့ပြီး ပခုက္ကူကြမ်း ကျပ် ၁၅၀ ဈေးမြင့်တက်ခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။  
ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၅၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၄၀၀၊ မုံရွာလတ်သန့် ကျပ် ၂၃၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မုံရွာသစ်ရှယ် ကျပ် ၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ကြက်သွန်နီများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၅ စီး (၇၅၀,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၁၅ စီး (၆၉၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၀ စီး(၆၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၁၈၀၀၊ အောင်ပန်းထူး-၂  ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ဈေးငြိမ်လျက်ရှိပြီး အောင်ပန်းထူး-၂  ကျပ် ၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၇၀၀ (၁၇၁,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၀၀၀ (၁၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက် သွန်ဖြူအိတ်ရေ ၁၇၀၀ (၅၁,၀၀၀  ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှအာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၆၀၀ ၊ တရုတ် OK ကျပ် ၂၂၅၀ ၊ တရုတ် S1 ကျပ် ၂၂၅၀၊ တရုတ် S2 ကျပ် ၁၆၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း တရုတ် A1 ကျပ် ၂၀၀ ၊ တရုတ် OK ကျပ် ၃၅၀၊ တရုတ် S1 ကျပ် ၃၅၀၊ တရုတ်S2 ကျပ် ၄၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။  ကုန်စည်ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၄၇ စီး (၂၈၂၀၀၀ ပိဿာ) ဝင် ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၃၁ စီး (၁၈၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၁၆ စီး (၉၆၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)
 

Category: Local News