International News

Can Tho ဒေသသည် ပထမအသုတ်အဖြစ် သရက်သီးစိမ်းများကို ဩစတြေးလျနှင့် အမေရိကန်သို့တင်ပို့

Last Updated:

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho သည် ဩစတြေးလျနှင့် အမေရိကန်ဈေးကွက်များသို့ သရက်သီးစိမ်းများအား ပထမအသုတ်တင်ပို့ရောင်းချခဲ့ကြောင်း ကြေညာသည့် အခမ်းအနားတရပ်ကိုကျင်းပခဲ့သည်။ အခမ်းအနားကို CO DO ခရိုင်၊ ပြည်သူကော်မတီနှင့် ပို့ကုန်ကုမ္ပဏီတို့ ပူးပေါင်း၍ မြို့တော်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

Loc Hung စိုက်ပျိုးရေးသမဝါယမ၊ CO DO ခရိုင်နှင့် Vina T & T ကုမ္ပဏီတို့အကြား စာချုပ်ချုပ်ဆိုပြီးနောက် သရက်သီးစိမ်း ၂ တန် တင်ပို့ခဲ့သည်။ ၁ တန်ကို ဩစတြေးလျသို့ တင်ပို့မည်ဖြစ်ပြီး ၁ တန်ကို အမေရိကန်သို့ တင်ပို့ရန်အတွက် ဧရိယာကုတ်ဖြင့် ခွဲဝေပေးခဲ့သည်။ Can Tho မြို့တွင် လက်ရှိသရက်သီးခြံ ၃၃၇၆ ဟက်တာ ရှိပြီးစုစုပေါင်း သစ်သီးစိုက်ပျိုးဧရိယာ၏ ၁၃% ရှိပြီး နှစ်စဉ် သစ်သီးတန်ချိန် ၁၇၅၀၀ ထွက်ရှိသည်။ သရက်သီးစိုက်ပျိုးဧရိယာ ဟက်တာ ၂၁၀၀ ကျော်ရှိသော CO DO သည် ဒေသအတွင်းတွင် သရက်သီးအများဆုံးစိုက်ပျိုးသည့် ခရိုင်ဖြစ်သည်။ Thoi Hung ဒေသတစ်ခုတည်းတွင် သရက်သီးစိုက်ပျိုးဧရိယာ ၁၉၇၈ ဟက်တာ ရှိပြီး ၎င်းမှ သရက်သီးစိမ်း ၂၁ ဟက်တာတွင် စိုက်ပျိုးဧရိယာကုတ် ရှိပြီဖြစ်သည်။

၂၀၂၁ ခုနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ သရက်သီးဧရိယာသည် ဟက်တာ ၁၁၅၀၀၀ ခန့်ရှိပြီး ၁ နှစ်လျှင် တန်ချိန် ၁ သန်းခန့် ထွက်ရှိသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ၁၃ နိုင်ငံမြောက် သရက်သီးအများဆုံး စိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်သည်။ ဗီယက်နမ်သရက်သီး၏ အားသာချက်မှာ တစ်နှစ်ပတ်လုံး ရိတ်သိမ်းနိုင်ပြီး အဓိက ရိတ်သိမ်းရာသီမှာ မတ်လမှ ဇူလိုင်လအထိ ဖြစ်သော်လည်း နောက်နှစ် ဩဂုတ်လမှ ဖေဖော်ဝါရီလအထိ ရိတ်သိမ်းနိုင်သည်။

ဩစတြေးလျမှ ၂၀၁၇ ခုနှစ်တွင် ဗီယက်နမ်သရက်သီးတင်သွင်းမှုကို ခွင့်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဈေးကွက်သို့ သရက်သီးများကို ပထမဆုံးအကြိမ်တင်ပို့ခဲ့သည်။ အဆိုပါ ဈေးကွက်ဖွင့်ချိန်မှစ၍ သရက်သီးအပါအဝင် လကတဆတ်သောသစ်သီးဝလံများကို ဝယ်လိုအားများသော ဈေးကွက်များသို့ တင်ပို့ရောင်းချမှုမှာ ပိုမိုအားကောင်းလာခဲ့သည်။

Source: https://www.doca.gov.mm

Category: International News