Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပိန်းဥ ပိဿာချိန် ၅၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပိန်းဥပိဿာချိန် ၅၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက ပိန်းဥပိဿာချိန် ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပိန်းဥပိဿာချိန် ၅၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဇူလိုင်လအတွင်း အရည်အသွေးကောင်းမွန်တဲ့ ပိန်းဥပိဿာချိန် ၅၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲအများဆုံး တင်ပို့ရောင်းချနေပါတယ်။ အဲဒီဒေသထွက် ပိန်းဥတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့တာ ဖြစ်ပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ပိန်းဥ ၁၀ ပိဿာလျှင် ငွေကျပ် ၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ပိန်းဥများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News