International News

ယခုနှစ်၏ ပထမ ၇လတွင် အမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိသော ငှက်ပျောသီးများတင်ပို့ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၇ လတာကာလတွင် ငှက်ပျောသီးတန်ချိန် ၁၄၃၄၈၁ တန်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၏ တူညီသည့်ကာလထက် ၂၀.၅၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန(MAFF)၏ ထုတ်ပြန်ချက်အရသိရပါသည်။ အဆိုပါ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၆.၇ သန်းကျော်ဝင်ငွေရရှိခဲ့ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့သည် ကမ္ဘောဒီးယားငှက်ပျောသီး အဓိကတင်သွင်းသူများဖြစ်ကြောင်းသိရပါသည်။ MAFF ၏ပြောခွင့်ရပုဂ္ဂိုလ် Khim Finan က ရာသီဥတုပြောင်းလဲမှုနှင့် အိမ်နီးချင်းတိုင်းပြည်များ၏ယှဉ်ပြိုင်မှုကြောင့် နိုင်ငံတကာဈေးကွက်များသို့ ကမ္ဘောဒီးယားငှက်ပျောသီးတင်ပို့မှုလျော့ကျခဲ့ခြင်းဖြစ်ကြောင်း ၂၁-၈-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါအကြောင်းများကြောင့် နိုင်ငံတကာဈေးကွက်များသို့ ငှက်ပျောသီးတင်ပို့မှု ၂၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း၊ သို့သော် လာမည့်နှစ်တွင် ပြန်လည်မြင့်တက်လာရန် မျှော်လင့်ရကြောင်း Finan က ဆက်လက်ပြောကြားခဲ့သည်ဟုသိရပါသည်။

Source: Khmer Times

Source: https://www.doca.gov.mm

Category: International News