Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ရုံးပတီသီးများစတင်ခူးဆွတ်ရောင်းချ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း နေ့စဉ်ဝင်ငွေရရှိရေး ကာလတို/ ကာလရှည် ဟင်းသီးဟင်းရွက်နှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ညောင်ပင်ဇောက်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရုံးပတီသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချသဖြင့် စအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ ရုံးပတီသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် ကုန်ကျငွေနည်းနည်းဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် ရုံးပတီသီးနှံသည် စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ ကျော်ပါက စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရေကြိုက်နှစ်သက်သဖြင့် ရေသွင်း/ ရေထုတ်လွယ်ကူစေရန်အတွက် မြေပေါင်းများပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင် တစ်တောင်ခန့်အကွာတွင် မြေကျင်းတူး၍ အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် မြေဆွခြင်း၊ ပေါင်းသင်းခြင်း၊ မြေဩဇာကျွေးပေးခြင်းများနှင့် သဘာဝရောဂါပိုးကာကွယ်နှိမ်နင်းဆေးများ ဖျန်းပေးပါက အသီးအထွက်နှုန်းကောင်းမွန်ကာ ရက်ပေါင်း ၉၀ အထိ ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။

 Source: ကြေးမုံသတင်းစာ

Category: Local News