Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပိန်းဥ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ပိန်းဥ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ပိန်းဥ ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ပိန်းဥ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေ အောက်တိုဘာလအတွင်း ပိန်းဥ ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ကျောင်းကုန်းမြို့နယ်ကနေ တင်ပို့ခဲ့တဲ့ ပိန်းဥတွေက အရည်အသွေးကောင်းမွန်ပါတယ်။ ဒေသထွက်ပိန်းဥတွေကို ရန်ကုန်ဈေးကွက်ဝယ်လက်တွေက ဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းခဲ့တာ ဖြစ်ပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့အောက်တိုဘာလအတွင်း တင်ပို့ရောင်းချ ခဲ့သည့် ပိန်းဥ ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ပိန်းဥများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News