ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုလမှစတင်၍ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ပြည်တွင်း၌ နှစ်စဉ်ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ အကြား ထွက်ရှိပြီး ပြည်ပတင်ပို့ရာတွင် ထွက်ရှိမှုစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေခြင်းဖြစ်သည်။
ပြည်ပဈေးကွက်တွင် မြန်မာ့ကော်ဖီ၏ အရည်အသွေးနှင့် အမျိုးအစားအလိုက် ကော်ဖီတစ်တန်လျှင် ဒေါ်လာ ၅၅၀၀ မှ ဒေါ်လာ ၈၃၀၀ ခန့်အထိ ဈေးရရှိနေကြောင်း သိရသည်။ မြန်မာ့ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြ
Source: Popular News Journal