International News

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ နောက်ဆုံးညှိနှိုင်းမှုအပြီးတွင် ကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဧပြီလ ၂၅ ရက်နေ့ ၁၅:၀၀ နာရီတွင် စက်သုံးဆီဈေးနှုန်းများအား ပြန်လည်ညှိနှိုင်းပြင်ဆင်ခဲ့သည်။

ထို့ကြောင့် စက်သုံးဆီ E5 RON 92 စျေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃,၉၁၀ ဖြင့် ရောင်းချလျက်ရှိပြီး RON 95 သည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၃၂၀ လျော့ချကာ ၂၄,၉၁၀ ဒေါင်ထက် ပိုမိုရောင်းချခြင်းမပြုရန် ကန့်သတ်ခဲ့သည်။

တစ်ချိန်တည်းတွင် ဒီဇယ်ဆီနှင့် ရေနံဆီဈေးနှုန်းများကို တစ်လီတာလျှင် အများဆုံး ၂၀,၇၁၀ နှင့် တစ်လီတာလျှင် ၂၀,၆၈၀ အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး နှစ်မျိုးစလုံး ဗီယက်နမ်ဒေါင် ၃၇၀ လျော့သွားကြောင်း သိရှိရပါသည်။

Mazut ဆီဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇,၄၀၀ ဖြင့် ရောင်းချပြီး ၂၀၀ ဒေါင် တိုးလာပါသည်။ အဆိုပါ ပြောင်းလဲမှုများအတွက် ဝန်ကြီးဌာန ၂ ခုမှ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://english.vov.vn/en/economy

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News