Local News

မောင်တောကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခုနှစ် ၊ မေလ ၂၃ ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ခဲ့မှု အ​ခြေအနေ

Last Updated:

        ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မေလ (၁-၅-၂၀၂၃ မှ ၂၃-၅-၂၀၂၃ ထိ)ပို့ကုန် (၀.၄၆၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၄၆၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ တင်ပို့ခဲ့သည့်လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကွမ်းသီးတန်ချိန် (၅၄) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ အုန်းသီး တန်ချိန် (၇)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ဇီးသီးခြောက် တန်ချိန် (၁၄၈.၅)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ဂျင်း(အစို) တန်ချိန် (၈၀)တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်း၊ သရက်သီး တန်ချိန် (၃.၅)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ မရမ်းသီး တန်ချိန် (၁၃.၅)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် ဒညင်းသီးတန်ချိန် (၄၆.၅)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ စုစုပေါင်း တန်ချိန် (၃၅၃) တန်၊ တန်ဖိုး (၀.၁၃၉) ဒေါ်လာသန်း တင်ပို့ခဲ့သည်။

      စစ်တွေမှ မောင်တောသို့ အထက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်  ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News