International News

ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းပို့ကုန်များသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၈.၉၀% မြင့်တက်လာ

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပါကစ္စတန်၏ ပြည်တွင်း ပို့ကုန်သည် ၈.၉၀% သိသိသာသာတိုးတက်လာပြီး နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်တွင် အပြုသဘောဆောင် လမ်းကြောင်းကို ရောင်ပြန်ဟပ်စေခဲ့သည်။

ကုန်စည်နှင့် ဝန်ဆောင်မှုစုစုပေါင်း တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃.၁၆ ဘီလီယံမြင့်တက်လာခဲ့ပြီး စုစုပေါင်း ပို့ကုန်ပမာဏ်မှာ ကန်ဒေါ်လာ ၃၈.၄၈ ဘီလီယံအထိရှိခဲ့သည်။ ကုန်ပစ္စည်းတင်ပို့မှုမှာ ဒေါ်လာ ၃၀.၆၈ ဘီလီယံရှိပြီး ဝန်ဆောင်မှု တင်ပို့မှုမှာ ဒေါ်လာ ၇.၈၀ ဘီလီယံဖြစ်သည်။ ကုန်စည်တင်ပို့မှုမှာ နှစ်စဉ်ဒေါ်လာ ၂.၉၅ ဘီလီယံတိုးလာသော်လည်း ဝန်ဆောင်မှုကဏ္ဍသည် ဒေါ်လာသန်း ၂၁၀ မျှသာ မြင့်တက်ခဲ့သည်။ အထည်အလိပ်ကဏ္ဍသည် ပို့ကုန်စုစုပေါင်းမှ ကန်‌ဒေါ်လာ ၁၆.၆၅ ဘီလီယံဖြင့် အရေးပါသော အခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေပြီး စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖြစ်ဆက်လက်တည်ရှိနေပြီး စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကဏ္ဍသည်လည်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ပို့ကုန်‌ဒေါ်လာ ၇.၃၇ ဘီလီယံအထိ စံချိန်တင်ခဲ့သည်။ ထို့ပြင် ကုန်ထုတ်လုပ်မှုနှင့် အင်ဂျင်နီယာဆိုင်ရာ ပို့်ကုန်များသည် ကဏ္ဍ၏ တိုးတက်မှုနှင့် အလားအလာကို ပြသသည့်ဒေါ်လာ ၄ ဘီလီယံအမှတ်အသားကို ဖြတ်ကျော်ခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမလတွင် ပါကစ္စတန်သည် ကားတင်သွင်းမှုသိသိသာသာ တိုးလာသည်ကို တွေ့မြင်ရပြီး စမတ်ဖုန်းတင်သွင်းမှု ကျဆင်းခဲ့ကြောင်း Pakistan Bareau of Statistics ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မော်တော်ယာဉ် တင်သွင်းမှုသည် နှစ်ဆကျော်မြင့်တက်ခဲ့ပြီး တစ်လအတွင်း ဒေါ်လာ ၂၃.၂၉ သန်းတန်ဖိုးရှိ မော်တော်ယာဉ်များကို မှာယူခဲ့သည်။ မော်တော်ယာဉ်တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ်တပ်ဆင်ခြင်းလုပ်ငန်းများသည်လည်း မြင့်တက်လာခဲ့ပြီး အစိတ်အပိုင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃၄.၂ သန်းဖိုးတင်သွင်းခဲ့သည်။

စီးပွားရေးစိန်ခေါ်မှုများနှင့် ငွေကြေးဖောင်းပွမှုဖိအားများကားတွင်ပင် ပါကစ္စတန်သည် မော်တော်ယာဉ်ဝယ်လိုအားများ တိုးတက်လာနေပြီး စက်မှုလေ့လာသုံးသပ်သူများက တိုးပွားလာသော လူလတ်တန်းစားနှင့် စားသုံးသူဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်စရာများတိုးပွားလာခြင်းသည် ကားတင်သွင်းမှုတိုးတက်လာခြင်းကို တွန်းအားပေးကြောင်း အကြံပြုခဲ့ကြသည်။ သို့သော်လည်း ကားကဏ္ဍနှင့် မတူဘဲ စမတ်ဖုန်းတင်သွင်းမှုသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ဇူလိုင်လတွင် ၅.၃% ကျဆင်းခဲ့သည်။ ဒေါ်လာ ၆၄.၅ သန်းတန်ဖိုးရှိသော စမတ်ဖုန်းများကို ပြီးခဲ့သည့်လက တင်သွင်းခဲ့ပြီး မိုဘိုင်းဖုန်းတင်သွင်းမှုပမာဏသည် ဒေါ်လာ ၆၈.၁ သန်းရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လနှင့် သိသိသာသာ ကွာခြားသွားခဲ့သည်။

Source; sama.tv

Source: https://www.doca.gov.mm

Category: International News