International News

တရုတ်-အာဖရိကကုန်သွယ်ရေးနှင့်စီးပွား‌ရေးပေါင်းစပ်မှု အားကောင်းနေ

Last Updated:

တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့်စီးပွားရေးပေါင်းစပ်မှုသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ရှိနေကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးမားဆုံးကုန်သွယ်‌ရေးမိတ်ဖက်အဖြစ် ၁၅ နှစ်ဆက် ရပ်တည်နေပြီး အာဖရိကတွင် စတုတ္ထအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်- အာဖရိကကုန်သွယ်မှုသည် စံချိန်တင်အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံရှိခဲ့ကြောင်း သိရပါ သည်။ ထိုနှစ်တွင် တရုတ်နိုင်ငံ၏စွမ်းအင်သစ် မော်တော်ယာဉ်များနှင့် လစ်သီယံဘတ္ထရီများ အာဖရိကသို့ တင်ပို့မှုမှာ ၂၀၂၂ ခုနှစ်ကထက် ၂၉၁ ရာခိုင်နှုန်းနှင့် ၁၀၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အာဖရိကထံမှ အခွံမာသီးနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုမှာ ၁၃၀ ရာခိုင်နှုန်းနှင့် ၃၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာဖရိကထံမှ တင်သွင်းမှုအရှိန်မြှင့်တငရန် တရုတ်နိုင်ငံသည် အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၂၁ နိုင်ငံထံမှ သွင်းကုန်စည်းကြပ်ခွန်ကို ၉၈ ရာခိုင်နှုန်းထိ ဖယ်ရှားပေးခဲ့ပြီး အာဖရိကစိုက်ပျိုးရေးထွက်ကုန်များ တရုတ်ဈေးကွက်သို့ နယ်စပ်ဖြတ်ကျော် e-Commerce မှတစ်ဆင့် ဝင်ရောက်လာရန် ကူညီပေးခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တွင် တရုတ်သည် အာဖရိကထံမှ အမေရိကန်ဒေါ်လာ ၆၀.၁ ဘီလီယံ တန်ဖိုးရှိသည့် ထုတ်ကုန်များတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာဖရိကထံမှ တရုတ်တင်သွင်းသည့် စိုက်ပျိုးရေးထုတ်ကုန် ပမာဏသည် ၇ နှစ်ဆက်တိုက် အပေါင်းလက္ခဏာဆောင်ကာ ကြီးထွားနေကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ တရုတ်၏ လတ်ဆတ်သော သစ်တော်သီးတင်သွင်းမှုမှာ ၂၀၂၂ ခုနှစ်ကထက် ၁၇၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကင်ညာနိုင်ငံထံမှ ထောပတ်သီးတင်သွင်းမှု မှာ ၂၀၂၂ ခုနှစ်ကထက် ၆၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်ကုန်တွင် အာဖရိက၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိကြောင်း သိရ ပါသည်။ တရုတ်သည် BRI စီမံကိန်းအတွက် အာဖရိကနိုင်ငံ ၅၂ နိုင်ငံနှင့် နားလည်မှုသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ်ကုန်တွင် တရုတ်စီးပွားရေးလုပ်ငန်း ၃၃၂၃ ခုသည် အာဖရိကနိုင်ငံ ၅၂ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုထားကြောင်း သိရပါသည်။

Source: CGTN

Source: https://www.doca.gov.mm

Category: International News