Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကောက်ရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဒေသထွက်ကောက်ရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ကောက်ရိုးမှိုပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကောင်းရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၁၃၅၀၀ မှ ၁၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်က ထွက်တဲ့ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေး ကွက်ကို တင်ပို့ရောင်းချတာများပါတယ်။ အောက်တိုဘာလအတွင်း ကောက်ရိုးမှိုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်း ချနိုင်ခဲ့ပါတယ်။ လက်ရှိလဲ ရန်ကုန်ဈေးကွက်က ကောက်ရိုးမှိုတွေမှာယူမှုများနေပါတယ်။ ဘိုကလေးမြို့နယ်မှာက အခြားစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ယှဉ်တွဲပြီး မှိုစိုက်ပျိုးတဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်” ဟု ဘိုကလေးမြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ကောက်ရိုးမှိုများအပါအဝင် လယ်ယာထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း မှိုများဝယ်ယူမှု အားကောင်းလာသည့်အတွက် မှိုစိုက်ပျိုးသူများ ရောင်းဝယ်သူများ၊ စိုက်ပျိုးရေးလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News