International News

အိန္ဒိယနိုင်ငံ၏ ပင်လယ်ထွက်ကုန်များတင်ပို့မှုသည် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း ၉ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇.၃၇ ဘီလီယံ)သို့ကျဆင်းသွား

Last Updated:

(၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပင်လယ်ထွက်ကုန်များတင်ပို့‌ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရရှိခဲ့ပြီး အမေရိကန်နှင့်ဥရောပကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားကျဆင်းမှုကြောင့် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ၉ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇.၃၇ ဘီလီယံ)သို့ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရှိရသည်။ သို့သော်လည်း ပင်လယ်ထွက်ကုန်တင်ပို့သူများသည် ပြည်ပမှမှာယူမှုများအားကောင်းနေသောကြောင့် လာမည့် (၂၀၂၄-၂၀၂၅) ခုနှစ်အတွင်း ပင်လယ်ထွက်ကုန်များအား ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟုယုံကြည်ထားကြသည်။

အိန္ဒိယနိုင်ငံမှတင်ပို့သူများ၏ အဆိုအရ ဝယ်လိုအားနှေးကွေးခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေး‌ဖောင်းပွမှုနှင့် အီကွေဒေါမှ အမေရိကသို့ အေးခဲနေသောပုစွန်များတင်ပို့မှုတိုးမြှင့်လာခြင်းတို့သည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏တင်ပို့မှု ကျဆင်းရသည့်အကြောင်းအရင်းတချို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အီကွေဒေါနိုင်ငံအပေါ်  ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေးအကောက်ခွန်ကို ချမှတ်လိုက်သည်နှင့်အမျှ ကျွန်ုပ်တို့၏ရေထွက်ကုန်တင်ပို့မှုသည် အီကွေဒေါနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုနှင့်ယှဉ်ပြိုင်နိုင်လာပြီး ပို့ကုန်တင်ပို့မှုများတိုးတက်လာမည်ဖြစ်ကြောင်း ထိပ်တန်းပို့ကုန်လုပ်ငန်းရှင်ဖြစ်သည့် Yogesh Gupta က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ စီမံဆောင်ရွက်နိုင်စွမ်းကိုတိုးမြှင့်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် လွှဲပြောင်းခြင်းဖြင့် လာမည့် ၂ နှစ်အတွင်း ပင်လယ်ထုတ်ကုန်တင်ပို့မှုအတွက် ရူပီးကု‌ဋေ ၁ သိန်းသို့တိုးမြှင့်လာရန် ရည်မှန်းထားကြသည်။

အိန္ဒိယနိုင်ငံသည် (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း ပင်လယ်စာ ၁၇၃၈၂၈၆ တန် (အမေရိကန်ဒေါ်လာ ၈.၀၇ ဘီလီယံ) တန်ဖိုးရှိသော ပင်လယ်စာများတင်ပို့မှုဖြင့် စံချိန်တင်တင်ပို့နိုင်ခဲ့သည်။အေးခဲနေသော ပုစွန်များသည် ပမာဏနှင့်တန်ဖိုးအရ အဓိကတင်ပို့သည့် ရေထွက်ကုန်ပစ္စည်းအဖြစ် ဆက်လက်တည်ရှိနေပြီး အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံမှပင်လယ်စာများအား အဓိကတင်ပို့သောနိုင်ငံများဖြစ်ကြသည်။

(၂၀၂၂-၂၀၂၃) ခုနှစ်တွင် အေးခဲပုစွန်တင်ပို့မှုစုစုပေါင်းမှာ တန်ချိန် ၇၁၁၀၉၉ ရှိပြီး အမေရိကန်သို့ တန်ချိန်၂၇၅၆၆၂ နှင့် တရုတ်နိုင်ငံသို့တန်ချိန် ၁၄၅၇၄၃ တင်ပို့ထားကြောင်းသိရသည်။လက်ရှိ အိန္ဒိယနိုင်ငံတွင် ပုစွန်မွေးမြူရေးခြံပေါင်း ၁သိန်းကျော်ရှိပြီး အများစုမှာ Andhro Pradesh နယ်တွင် တည်ရှိသည်။ အေးခဲပုစွန်များ၊ ငါးများနှင့် ပြည်ကြီးငါးများသည် အိန္ဒိယနိုင်ငံမှ အဓိကတင်ပို့သော ရေထွက်ကုန်ပစ္စည်းများဖြစ်ကြောင်းသိရှိရပါသည်။

Source: economictimes.com

Source: https://www.doca.gov.mm

Category: International News