Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆံ အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

မေလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတလျှောက်နှင့် အညာဒေသမှ မြေပဲဆံများဝင်ရောက်နေပြီး၊ မြေပဲလုံးဆံများသည် ယခင်သီတင်းပတ်က ဈေးအေးနေ ရာမှ ယခုပတ်တွင် တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိခြင်းနှင့် ဆီဆံများကို စက်ပိုင်များမှ ဝယ်ယူနေသောကြောင့် အရောင်းသွက်၍ ဈေးမြင့်လာသည်။ မြေပဲဆံ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၅၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆံ (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၃၀၀၊ ယခင်တစ်ပတ် ကျပ် ၆၅၀၀ မှ ၆၈၀၀၊ ယခင်လကျပ် ၇၆၀၀ မှ ၇၇၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ်  ၅၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၄၀၀ မှ ၆၀၀ နိမ့်ကျလာသည်။

မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၃၅၀၊ ယခင်တစ်ပတ်ကျပ် ၇၀၀၀ မှ ၇၂၀၀၊ ယခင်လကျပ် ၆၇၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ်  ၁၅၀၊ ယခင်လထက်ကျပ် ၃၀၀ မှ ၃၅၀ မြင့်တက်လာသည်။

S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၃၀၀ မှ ၆၈၀၀၊ ယခင်တစ်ပတ်ကျပ် ၆၅၀၀ မှ ၆၇၀၀၊ ယခင်လကျပ် ၆၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀၊  ယခင်လထက်ကျပ် ၅၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

Category: Local News