Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

မေလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် နှမ်းဝင်ရောက်မှု နည်းနေသော်လည်း လှောင်လက်သမားများနှင့် တရုတ်ဝယ်လက်မှ အဝယ်သွက်လာသောကြောင့် နှမ်းမျိုးစုံ ဈေးကောင်းရနေပြီး ဈေးမြင့်လာသည်။ နှမ်းအမျိုးအစားအလိုက်နှင့် အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခင်tပတ်ထက်  အနိမ့်ဆုံး ကျပ် ၅၀၀၀ မှ အမြင့်ဆုံး ၈၅၀၀၀ ထိမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုအပတ် ကျပ် ၄၄၀၀၀၀ မှ ၄၆၀၀၀၀  ယခင်အပတ်ကျပ် ၃၇၅၀၀၀ မှ ၃၉၅၀၀၀ ၊ ယခင်လကျပ်  ၃၅၅၀၀၀ မှ ၃၉၅၀၀၀ ဖြစ်သည်။ ယခင်အပတ်ထက် ကျပ် ၆၅၀၀၀ ၊ ယခင်လထက် ၆၅၀၀၀ မှ ၈၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုအပတ်ကျပ် ၃၈၅၀၀၀ မှ ၃၉၅၀၀၀၊ ယခင်အပတ် ကျပ် ၃၇၅၀၀၀ မှ ၃၉၅၀၀၀၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်အပတ်ထက်ကျပ် ၁၀၀၀၀ ၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုအပတ်ကျပ် ၄၂၅၀၀၀ မှ ၄၃၀၀၀၀၊ ယခင်အပတ် ကျပ် ၄၂၀၀၀၀ မှ ၄၂၅၀၀၀၊ ယခင်လကျပ် ၃၉၅၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်အပတ်ထက် ကျပ် ၅၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ်ကျပ် ၃၀၅၀၀၀ မှ ၃၄၅၀၀၀၊ ယခင်အပတ်ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ၊ ယခင်လကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်အပတ်ထက်ကျပ် ၅၀၀၀ မှ ၃၀၀၀၀၊ ယခင်လထက်ကျပ်  ၅၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News