Local News

မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်မိုးချည်မျှင် ရှည်ဝါစိုက်(၃၀၀၅) ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင်(၈၅)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၁၉၀)ဧက၊ မြစ်သားမြို့နယ်တွင်(၂၇၃၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောမြို့နယ်မှာ  မြစ်သားမြို့နယ်ဖြစ်ပြီး  ဝါအများဆုံးစိုက်ပျိုးသောကျေးရွာများမှာ  ဒိုင်းကျေးရွာ၊မြနဒီနှင့်လွန်ကျော်ကျေးရွာများတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ဝါစိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်းမွန်ပါက(၇၀၀-၈၀၀)ပိဿာအထိထွက်ရှိကြောင်း၊ ဝါဈေးနှုန်းအနေဖြင့် ယခင်နှစ်ဝါတစ်ပိဿာလျှင် (၃၃၀၀/)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင်(၇၃၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင်(၁၄၀၀)ကျပ်၊ ဈေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိပေါက်ဈေးအနေဖြင့် ဝါတစ်ပိဿာလျှင်(၂၈၀၀-၃၀၀၀)ကျပ်၊ ဂွမ်း တစ်ပိဿာလျှင်(၆၀၀၀-၆၃၀၀)ကျပ်အထိရောင်းချရပြီး ဝါစေ့တစ်ပိဿာလျှင်(၁၂၀၀)ကျပ်‌ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်ရှိကြောင်း ယခုနှစ်ပိုးချည်မျှင်ရှည်ဝါများထွက်ရှိချိန်တွင်လည်း အရည်အသွေးကောင်းပါက အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဝါစိုက်ပျိုးမှုအများဆုံးစိုက်သော ဒိုင်းကျေးရွာတောသူတစ်ဦး၏ ပြေားကြားချက်အရ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News