Local News

ဈေးကွက်အတွင်းခရမ်းချဉ်သီးဈေးနှုန်းမြှင့်တက်လျက်ရှိ

Last Updated:

မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်၊ကျောက်ဖူး၊ရိုးကန်၊ ကန်တာ၊ တောမ၊ သဲတောလေး ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်သစ်သီးဝလံများစိုက်ပျိုးကြပြီး ဈေးကွက်လိုအပ်ချက်အရ ဒေသတွင်းထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ရှမ်းပြည်နယ်ဘက်မှဝင်လာသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဈေးကွက်အတွင်း ယခုမေလစတုတ္ထပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမြှင့်တက်လျက်ရှိပြီး ခရမ်းချဉ်သီး (ရှမ်းသီး) တစ်ပိဿာလျှင် (၃၅၀၀-၃၈၀၀) ကျပ်၊ ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဧပြီလ စတုတ္ထပတ်တွင် ခရမ်းချဉ်သီး (ရှမ်သီး) တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ် ဈေးသာရှိခဲ့ကြောင်း၊ ယခင်လနှင့်ယခုလ ကာလနှိုင်းယှဉ်လျှင် ခရမ်းချဉ်သီးရှမ်းတစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့်အထိ ဈေးနှုန်းမြှင့်တက်လာကြောင်း လက်ရှိဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမြှင့်တက်လာရခြင်းမှာ ဒေသတွင်းထွက်ရှိသောခရမ်းချဉ်သီးများ ထွက်ရှိမှုလျော့နည်းလာခြင်း၊ ရှမ်းပြည်နယ်မှ ခရမ်းချဉ်သီး (ရှမ်းသီး)များ အဝင်လျော့နည်းလာသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီးရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News