Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း နေလှန်းဆားပိဿာချိန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း နေလှန်းဆားပိဿာချိန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာရီက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း က ဒေသထွက် နေလှန်းဆားပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း နေလှန်းဆား ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “လပွတ္တာမြို့နယ်ကနေ ဒေသထွက် နေလှန်းဆားတွေ ကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ဒီဇင်ဘာလအတွင်း ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိဇန်နဝါရီလထဲမှာလဲ ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို ဆားအရောင်းအဝယ် ကောင်းလာတော့ ဆားထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေပါတယ်။ ဒီဘက်ကထွက်တဲ့ နေလှန်းဆားတွေက အရည်အသွေးလဲကောင်း ပါတယ်” ဟု လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ဒေါ်မာမာရီက ပြောပြသည်။ လပွတ္တာမြို့နယ်တွင် ဒေသထွက် နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၆၀၀၀၀ ထိဈေးပေါက်နေကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့် လုပ်ငန်းများတွင် အဓိက အသုံးပြုကြကြောင်း ဒေါ်မာမာရီက ဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News