၂၀၂၆ ဇွန်လ ၂၅ ရက်နေ့နှင့် ၂၀၂၆ ဇူလိုင်လ ၁၆ ရက်နေ့ မော်လမြိုင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် စားဖိုဆောင်သုံးသီးနှံများ၏ တစ်ပတ်အတွင်း ဈေးနှုန်းပြောင်းလဲမှု အခြေအနေများမှာ ၂၀ ပိဿာဝင် ပဲမျိုးစုံတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း(ရွှေဝါ) ၁၁၀၀၀၀ ကျပ် ၊ ပဲတီစိမ်း ၁၁၅၀၀၀ ကျပ် ၊ မတ်ပဲ ၁၀၂၀၀၀ ကျပ် ၊ ပဲလွန်းဖြူ ၇၆၀၀၀ ကျပ် ၊ ဘိုကိတ် ၇၀၀၀၀ ကျပ် ၊ ပဲပုတ်(အသစ်) ၁၄၇၀၀၀ ကျပ် ၊ မြေပဲ ၂၁၃၀၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့သည့်အတွက် ယခင်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်း ၂၀၀ ကျပ် ဈေးတက်နေသော်လည်း ပဲတီစိမ်း(ရွှေဝါ)၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ဘိုကိတ်၊ ပဲပုတ်(အသစ်)နှင့် မြေပဲ စျေးငြိမ်နေပါသည်။
စားဖိုဆောင်သီးနှံ တစ်ပိဿာ ဈေးနှုန်းတွင် မုံရွာကြက်သွန်နီ(ကြီး) ၄၀၀၀ ကျပ်၊ (ငယ်) ၃၆၀၀ ကျပ်၊ ကြက်သွန်ဖြူ ထူးလေး ၇၅၀၀ ကျပ်၊ ထူးငါး ၉၅၀၀ ကျပ်၊ ဂျင်း(ဥမ) ၄၅၀၀ ကျပ်၊ အာလူး(မြန်မာသီး) ၂၆၀၀ ကျပ်၊ ငရုတ်ရှည် ၁၉၀၀၀ ကျပ်၊ မိုးထောင် ၁၆၀၀၀ ကျပ် ဖြစ်ပေါ် ခဲ့သည့်အတွက် ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်ရှည်တစ်ပိဿာ ၁၀၀၀ ကျပ်နှင့် မိုးထောင် တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်နေပြီး၊ မုံရွာကြက်သွန်နီ(ကြီး) ၊ မုံရွာကြက်သွန်နီ (ငယ်)၊ ကြက် သွန်ဖြူ ထူးလေး၊ ကြက်သွန်ဖြူ ထူးငါး၊ ဂျင်း(ဥမ)နှင့် အာလူး(မြန်မာသီး) သီးနှံများမှာ ဈေးနှုန်း မပြောင်းလဲကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး