Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း အုန်းသီးအလုံးရေ ၆၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း အုန်းသီးအလုံးရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက အုန်းသီးအလုံးရေ ၄၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ အုန်းသီးအလုံးရေ ၆၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေရော ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ နိုဝင်ဘာလအတွင်း အုန်းသီးအလုံးရေ ၆၇၀၀၀၀ ထိ တင်ပို့ရောင်းခဲ့ရပါတယ်။ ရန်ကုန်ဈေး ကွက်ကနေ ဒေသထွက်ကုန် အုန်းသီးတွေ ဝယ်ယူမှုအားကောင်းနေပါတယ်။ ပြည်တွင်းမှာကို အုန်းသီးတွေ အဝယ်လိုက်နေတာကြောင့် အုန်းသီးအရောင်းအဝယ်ကောင်းနေပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးများကို အုန်းသီးအခြောက်၊ အုန်းသီးအစိမ်း၊ အုန်းသီးနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ အမျိုးမျိုးလုပ်ဆောင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါဒေသထွက် အုန်းသီးများ ဈေးကောင်းလာခြင်း၊ ဝယ်ယူမှု အားကောင်းလာခြင်းကြောင့် အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News