Local News

မန္တလေးဈေးကွက်အတွင်း ဒီဇင်ဘာ ၂ ရက်မှစ၍ သကြားအရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း ဒီဇင်ဘာ ၂ ရက်မှစ၍ သကြားအရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း(မန္တလေး)ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြ၍ သိရသည်။ ပြည်တွင်းမှ ထွက်ရှိသည့် သကြားကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံဘက်မှလည်း ဝယ်ယူမှုများရှိကြောင်း၊ ယခုလတ်တလောပြည်ပမှ ကုန်သည်များ သကြားဝယ်ယူမှု ပြန်လည်များပြားလာသည့်အပြင် ပြည်တွင်းဈေးကွက်အတွင်း၌ပါ သကြားဝယ်လိုအား များပြားလာခြင်းကြောင့် သကြားများအရာင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ “မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးကနေ ထွက်ရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ သကြားတွေကို အခုလတ်တလော ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ဝယ်ယူမှုတွေရှိပါတယ်။ ပြည်တွင်းမန္တလေးဈေးကွက်ထဲမှာတော့ သကြားက အရောင်းအဝယ်အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်” ဟု သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ သကြားတစ်ပိ ဿာလျှင် ငွေကျပ် ၅၁၀၀ ခန့် ပေါက်ဈေးရှိပြီး အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ “သကြား က အရောင်းအဝယ်ကောင်းနေပေမဲ့ ကုန်ကြမ်းလက်ကျန် နည်းပါးသွားတာမျိုးတွေတော့မရှိပါဘူး။ နောက်ပိုင်းဒီထက်ပိုပြီး သကြားအဝယ်ထပ်ကောင်းလာရင်တော့ သကြားလက်ကျန်က မန္တလေးဈေးကွက်ထဲ ရှာသွားနိုင်ပါတယ်” ဟု သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း(မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News