Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ အရောင်းသွက်၍ဈေးမြင့်လာ

Last Updated:

ဧပြီလ ပထမပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ အရောင်းအဝယ်  ဖြစ်လျက် ရှိရာ ပို့ကုန်ပဲများအရောင်းအဝယ်သွက်၍ ဈေးမြင့်လာကြောင်းသိရသည်။ ပဲစင်းငုံ (နီ) မှာ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ဇီးကုန်း၊ ကျောက်ဆည်၊ နွားထိုး၊ မြင်းခြံ ကျောက်ပန်းတောင်းတို့မှ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ် သွက်နေကြောင်း၊ မတ်ပဲဈေးကွက်မှာ  လက်ကျန်ပဲများနှင့် အရောင်းအဝယ်သွက် နေကြောင်း သိရသည်။

ပဲစင်းငုံ(နီ)  ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၆၄၀၀၀ မှ ၃၆၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၅၀၀၀၀၊ ယခင်လကျပ် ၃၆၀၀၀၀ မှ ၃၆၁၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၄၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၄၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀၊ ယခင်လကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မြင့်တက်လာကြောင်း သိရပါသည်။

source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News