Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဧပြီလပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပြောင်းနီဈေးငြိမ်၍  ပဲလွန်းပြာဈေး အနည်းငယ်ကျဆင်းနေပြီး ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲကြီး၊ မတ်ပဲ၊ ပုဂံပဲ၊ ပဲတီစိမ်းသေး၊ ပဲစင်းငုံ၊ ပဲယင်းဝါ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929 ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၀၀၀၀-၅၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၂၀၀၀)ကျပ်၊ ပဲကြီး (၈၆၀၀၀-၈၉၀၀၀)ကျပ်၊ မတ်ပဲ (၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၅၀၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၂၀၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး (၄၆၀၀၀)ကျပ်၊ ပဲနီလုံး ကြား (၅၂၀၀၀) ကျပ်၊ ပဲယင်းဝါ (၄၃၀၀၀-၄၅၀၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၄၇၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးကြီး (၇၉၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၀၅၀၀)ကျပ်၊ ကုလားပဲ 929 (၇၇၀၀၀) ကျပ်၊ ပဲလွန်းပြာ (၅၇၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်း များမှာ ဂျုံဖြူသန့် (၅၁၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၀၅၀၀)ကျပ်၊ ပဲကြီး (၈၄၀၀၀-၈၇၀၀၀)ကျပ်၊ မတ်ပဲ (၈၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစင်းငုံ (၁၁၄၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၃၀၀၀) ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀) ကျပ်၊ ပဲယင်းဝါ (၄၀၀၀၀-၄၁၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၄၂၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀) ကျပ်၊ ကုလားပဲဖြူ လုံးကြီး (၇၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၇၆၀၀၀)ကျပ်၊ ကုလားပဲ 929 (၇၄၀၀၀) ကျပ်၊  ပဲလွန်းပြာ (၅၈၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၁၅၀၀)ကျပ်၊ ပဲကြီး တစ်တင်း လျှင် (၂၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် (၅၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၄၀၀၀) ကျပ်၊  ပဲယင်းဝါ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပုဂံပဲ တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင်(၄၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀) ကျပ်နှုန်း မြင့်တက်နေပြီး ပဲလွန်းပြာတစ်တင်း (၁၀၀၀) ကျပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။

source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News